➥ အာဏာရှင်စနစ်တော်လှန်ရေးတွင် နိုင်ငံရေးအင်အားစုတစ်ရပ်အဖြစ် စုစုစည်းစည်းဖြင့် ပိုမိုထိရောက်စွာ အားဖြည့်ပါဝင်နိုင်ရန် အတွက်လည်းကောင်း၊ တော်လှန်ရေး အောင်မြင်ပြီးသည့်နောက် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရာတွင်လည်း ကျရာနေရာမှ ကူညီအားဖြည့်နိုင်ရန် ရည်ရွယ်၍လည်းကောင်း CDM ဝန်ထမ်းများနှင့် ကျောင်းသား/သူများကို စုစည်း၍ တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်ခဲ့ပါသည်။
➥ ပဥ္စမအကြိမ် CDM များ တွေ့ဆုံဆွေးနွေးပွဲ၏ ဆုံးဖြတ်ချက်များအရ လွတ်လပ်သော CDM အင်အားစု ဖြစ်မြောက်ရေးကော်မတီကို ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၁၉ ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့သည်။
၁။ CDM များကို အင်အားစုစည်း၍ အာဏာရှင်စနစ်မှန်သမျှ အမြစ်ပြတ်စေရန် ဆောင်ရွက်ရာတွင် လျှင်မြန်သော အရွေ့တစ်ခု ဖြစ်စေရန်။
၂။ ဖယ်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရာတွင် ပြည်သူများကို ကိုယ်စားပြုမည့် နိုင်ငံရေး အင်အားစုတစ်ရပ် ဖြစ်စေရန်။
၃။ အခက်အခဲအကြပ်အတည်းဖြစ်နေသော ပြည်သူများနှင့် ၎င်းပြည်သူများမှ ပေါက်ဖွားလာသည့် CDM များ၏ အခက်အခဲများကို ကူညီဖြေရှင်းနိုင်မည့် နည်းလမ်းများ ပူးပေါင်းအဖြေရှာရန်။
၁။ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၁ရက်မတိုင်ခင် CDM ပြုလုပ်ခဲ့သည့် နိုင်ငံ့ဝန်ထမ်း CDM များ၊ ပြည်သူ့ဝန်ထမ်း CDM များ၊ ပုဂ္ဂလိကဝန်ထမ်း CDM များ၊ စစ်ရာဇဝတ်မှု ကျူးလွန်ခဲ့ခြင်းမရှိသော ကာကွယ်ရေးနှင့်ပြည်ထဲရေး CDM များနှင့် အထက်တန်းပညာရေးအဆင့်နှင့်အထက် ကျောင်းသား CDM များ အားလုံးကို ကိုယ်စားပြုသည်။
၂။ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်မှ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်နေ့အတွင်း CDM ပြုလုပ်ခဲ့သည့် စစ်ရာဇဝတ်မှုကျူးလွန်ခဲ့ခြင်းမရှိသော ကာကွယ်ရေးနှင့်ပြည်ထဲရေး CDM များကို board အဖွဲ့၏ ဆုံးဖြတ်ချက်ဖြင့်သာ အတည်ပြု လက်ခံမည်။
၃။ တော်လှန်ရေးကို နှောင့်နှေးစေမည့် ကိစ္စရပ်များကို ကန့်ကွက်ရှုံ့ချ၍ တော်လှန်ရေး လျှင်မြန်စွာ အောင်မြင်ရန် အထောက်အပံ့ဖြစ်စေမည့် ကိစ္စရပ်များကို ထောက်ခံအားပေးမည်။
၄။ အခက်အခဲ အကြပ်အတည်းဖြစ်နေသော ပြည်သူများနှင့် ၎င်းပြည်သူများမှ ပေါက်ဖွားလာသည့် CDM များ၏ အခက်အခဲများအား ကူညီဖြေရှင်းနိုင်မည့် နည်းလမ်းများကို ပူးပေါင်းအဖြေရှာမည်။
၅။ ဖယ်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရာတွင် အထောက်အပံ့ဖြစ်စေမည့် နိုင်ငံရေးအင်အားစု တစ်ရပ် ဖြစ်စေရန်အတွက် စွမ်းဆောင်ရည်မြှင့်တင်ရေးလုပ်ငန်းများ ချမှတ်ဆောင်ရွက်မည်။
၆။ နိုင်ငံ့ကောင်းကျိုးအတွက် အမှန်တကယ် ဆောင်ရွက်သည့် အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များနှင့် ပူးပေါင်း ဆောင်ရွက်မည်။
၇။ လူမျိုး၊ ဘာသာ၊ ရာထူး၊ လိင်၊ အသက်အရွယ် စသည့် ခွဲခြားဆက်ဆံမှုများ မပြုလုပ်ဘဲ အပြန်အလှန် လေးစားတန်ဖိုးထားမည်။
၈။ တော်လှန်ရေး အောင်မြင်ပြီးသည့်ကာလတွင်လည်း တော်လှန်ရေးအတွက် ပေးဆပ်ခဲ့သူများနှင့် တော်လှန်ရေးတွင် ပါဝင်ခဲ့သည့် မိသားစုဝင်များကို မမေ့မလျော့ မှတ်တမ်းတင်ထားမည်။
၉။ မည်သည့်ပါတီ၊ အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်တဦးတယောက်၏ မည်သည့်လွှမ်းမိုးမှုမျိုးကိုမျှ လုံးဝ လက်ခံမည် မဟုတ်ပါ။
၁. ကျောင်းသား CDM များ
၂. ကာကွယ်ရေးနှင့် ပြည်ထဲရေး CDM များ
၃. စီမံကိန်း၊ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန CDM များ
၄. ပညာရေးဝန်ကြီးဌာန CDM များ
၅. ကျန်းမာရေးဝန်ကြီးဌာန CDM များ
၆. သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန CDM များ
၇. ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန CDM များ
၈. လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန CDM များ
၉. စည်ပင်သာယာရေးကော်မတီ CDM များ
➥ ၇၆ နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ပြည်သူသို့ ပန်ကြားလွှာ
➥ နွေဦးတော်လှန်ရေး ၃ နှစ်ပြည့် တိုက်တွန်းနှိုးဆော်စာ (အင်္ဂလိပ်၊ မြန်မာ ၂ဘာသာဖြင့်)
➥ နွေဦးတော်လှန်ရေး ၃ နှစ်ပြည့် အဖြူရောင်လှုပ်ရှားမှု ဓာတ်ပုံကမ်ပိန်းတွင် ပါဝင်ခြင်း
➥ ၇၇ နှစ်မြောက် ပင်လုံစာချုပ်ချုပ်ဆိုသည့်နေ့အထိမ်းအမှတ် NUG နှင့် တော်လှန်ရေးအင်အားစုများသို့ တိုက်တွန်းချက်
➥ အကြမ်းဖက်စစ်တပ်၏ စစ်မှုထမ်းဥပဒေနှင့်ပတ်သက်၍ ပြည်သူသို့ အကူအညီနှင့် အကြံဉာဏ်များပေးခြင်း
➥ ၇၉ နှစ်မြောက် ဖက်ဆစ်တော်လှန်ရေးနေ့ ပြည်သူလူထုသို့ တိုက်တွန်းချက်
➥ မြန်မာနှစ်ဆန်း ၁ ရက်နေ့ (17th.April.2024) တွင်လေကြောင်းတိုက်ခိုက်မှုကြောင့် အသက်နဲ့ခန္ဓာ ထိခိုက် ဆုံးရှုံးခဲ့ကြသူများအတွက် ဆုတောင်းမေတ္တာပို့သခဲ့ပြီး စက္ကူလေယာဉ်သပိတ် ပြုလုပ်ခဲ့
➥ ၁၃၄ ကြိမ်မြောက် ကမ္ဘာ့အလုပ်သမားနေ့ (မေဒေး) အထိမ်းအမှတ် ထုတ်ပြန်ကြေညာချက်
➥ CDM များ၏ ပကတိရင်ဆိုင်နေရသော အခက်အခဲများနှင့် ကျော်ဖြတ်နေသည့် အခြေအနေများကို စစ်တမ်းကောက်ယူရန်
➥ စွမ်းဆောင်ရည်မြှင့်တင်ရေး သင်တန်းများ ပို့ချ၍ နိုင်ငံရေးအင်အားစုတရပ် ဖြစ်စေရန်
➥ ပြည်သူများ၏ အခက်အခဲကို ဖြေရှင်းနိုင်မည့် နည်းလမ်းများကို အချိန်နှင့်တပြေးညီ ကူညီအဖြေရှာရန်
➥ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရာတွင် ကျရာနေရာမှ ကူညီအားဖြည့်ရန်
➥ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ လုပ်ငန်းစဉ်များတွင် အချိတ်အဆက်မိမိ ပူးပေါင်းဆောင်ရွက်ရန်